Samsung FRP Lock Bypass ( No need Otg , No need Box )

By // No comments:


Samsung Frp Lock Bypass No need Otg , No need Box
SideSync Method !
 All Simple Step ၊
Written by Me ! 
  


ဖုန်းအားသွင်းကြိုးကို hack ပြီး နကိုထက် ၄ ဆအားအ၀င်မြန်အောင်လုပ်နည်း

By // No comments:


ဒီတစ်ခေါက်ပြောမှာကတော့ ရိုးရိုးဖုန်း ချာဂျင် ကြိုး ကို hack ပြီး အားအမြန်ဝင်အောင်လုပ်တဲ့နည်းပါ၊

ဟုက် လွယ်ပါတယ် အရမ်းလွယ်တယ် ၊ ကွန်ပျူတာမလိုဘူး အင်တာနက်မလိုဘူး

ခဲတံချွန်တဲ့ ဓါးနဲ့  မီးကပ်တိပ်တစ်ခွေရှိရင် ရပါပြီ ၊ အိုကေ Lets START >

[Image: 20160205_125525.jpg]




ပထမဦးဆုံး usb ကြိုးကို ဓားနဲ့ ခွဲပါမယ် ၊ ဒါဆိုအထဲက ကြိုးတွေတွေ့ ရပြီ ၊

[Image: 20160205_125706.jpg]

USB ထိုးတဲ့ကောင်အကြီးကြီးနားက ဖြတ်နော် ဒါမှ သုံးရတာ အဆင်ပြေမှာ ၊

အထဲမှာ ကြိုး လေးချောင်းတွေ့ ပါမယ် ၊ ပုံမှန်ကတော့ ဒီအရောင်တွေပါ ပဲ အဖြူ  နဲ့  အစိမ်းကြိုးကို ဖြတ်ပါမယ် ၊

[Image: 20160205_125937.jpg]


ဖြတ်ပြီးရင် ဒါမျိုး အစလေး ရအောင်လှီးထုတ်လိုက်နောက် သတိတော့ထားပါ ဓားရှတက်တယ်ဗျ ၊

[Image: CM160205_13055602.jpg]




ပြီးရင် အဲ့အစ နှစ်ခုကို ပူးပြီး လိမ်ပေးလိုက်ပါမယ် ၊ အောက်က ပုံထဲမှာလိုမျိုး

[Image: CM160205_13094904.jpg]

ပူးခြည်ပြီးသွားပြီဆိုတော့ အကုန် မီးကပ်တိပ်နဲ့ ပြန်ကပ်ပါမယ် ၊

[Image: 20160205_131112.jpg]


အိုကေ usb ကြိုးတစ်ခေါင်းကို အောင်မြင်စွာ ဟက်နိုင်ပါပြီ ၊ COOL :

=========================================================================================

မ ဟက်ရသေးခင် အားအ၀င် 466 mA (ဒီ speed နဲ့ ဆို ကျန်တော့်ဖုန်း note 2 အင်တာနက်သာဖွင့်ထားရင် လုံးဝ % မတက်တော့ပါ တစ်ခါတစ်လေ ပြန်တောင်ရော့သွားပါတယ် )

[Image: Screenshot_2016_02_05_13_02_37.jpg]






ဟက်ပြီး အားအ၀င် 1698mA  (ဖလန်းဖလန်း speed ပေါ့ ဘာပြောကောင်းမလဲ ရှိသမျှ app တွေ အကုန် run
သီချင်းဖွင့် အလင်းအကုန်တင်ပြီး internet သုံးနေရင်တော့ အင်မတန်မြန်ဆန်တဲ့  speed နဲ့  အားတွေပြည့်လာတာကို
တွေ့ ရမှာဖြစ်ပါတယ် ၊


[Image: Screenshot_2016_02_05_13_12_04.png]



လက်ရှိအဲ့နည်းနဲ့  ကျန်တော့် n2 လေးကိုအားသွင်းနေတာပါ ၊ ဘာမှတော့ ပူတာတွေ  ဘာတွေတော့ မဖြစ်ဖူးဘူး သုံးနေတာလည်းကြာပြီ

[Image: 20160205_131156.jpg]


Samsung အတွက်တော့ အဆင်ပြေပါတယ် ဗျာ ၊ အကုန်လုံးတွက်တော့ အာမခံတာတော့မဟုက်ဘူးနော် တော်ကြာ အထုခံနေရအူးမယ် ဟီးဟီး
ပြသနာတော့်ရှိပါဘူး ။ အဲ့အလယ် နှစ်ကြိုးက data သွားတဲ့လမ်းပါ ။
အဓိကက ကျန်တဲ့ နှစ်ကြိုးကိုပဲ သွားမပူးမိဖို့အရေးကြီးပါတယ် ။ ကျန်နှစ် ခုက volt သွားတဲ့လမ်းကြောင်းမို့ပါ။

ထပေါက်တာတို့ဘာတို့တော့ လုံးဝမဖြစ်နိုင်ပါဘူး ဟီး အာ့တော့အာမခံပါဒရ်

လုပ်မယ်ဆိုရင်တော့  tuto တော့ သေသေချာချာဖတ်ပြီး လုပ်စေချင်တယ် ။

Use@ur ownRisk


ကျော်ဇင်ဟိန်း (မြောက်ဒဂုံသား) >  http://www.kyawzinhein.net

http://4.bp.blogspot.com/-K29u8YtOgiA/VkQBjWTck8I/AAAAAAAAAJI/t2ouKjUuX0A/s292/index.jpeg
Beetalk လူထုအကောင့်တွင် follow လုပ်နိုင်ပါပြီ၊









Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial
 

Two Factor Authentication အားကျော်ခွနည်း

By // No comments:

အဆိုပါ တိုက်ခိုက်မူ့သည် နဂိုတိုက်ခိုက်လေ့ရှိသော Spear Phishing တိုက်ခိုက်မူ့ထက်ပိုမို လွယ်ကူရိုးရှင်းသော်လည်း ထိခိုက်မူ့အန္တာရယ်မှာ ပိုမိုများပြားစေနိုင်ပါသည်


Mobile အသုံးပြုသူများကို ရည်ရွယ်၍ ပစ်မှတ်ထားသော Two Factor Authentication ကိုကျော်လွှားသွားနိုင်ပြီး Victims ၏ e-mail accounts ကိုပါယူဆောင်သွားနိုင်သည့် Spear Phishing တိုက်ခိုက်မူ့ အသစ်အကြောင်းကို Symantec မှ Reseracher များမှ သတိပေးချက်များ ထုတ်ပြန်ခဲ့ပါသည်။
တိုက်ခိုက်မူ့ကို စတင်ရန်အတွက် ပစ်မှတ်၏ အီးမေးလ် လိပ်စာနှင့် ဖုန်းနံပါတ် ကို သိရှိရန်တော့ လိုအပ်ပါသည်။
Attacker က User များအသုံးပြုလေ့ရှိသော password မေ့သွားလျှင် ၄င်း၏ Mobile ဖုန်းသို့ Verification code ပြန်လည်ပေးပို့ပေးသည့် e-mail password recovery feature ကိုအသုံးပြုပြီး ရိုးရှင်းစွာဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။  


E-mail ပိုင်ရှင်မှ “forgot password” နှင့် “verification code” တောင်းခံသည့် link ကို နှိပ်မိခြင်းဖြင့် Attacker မှ victim ၏ mobile phone သို့ code ကို SMS message ပေးပို့မည် ဖြစ်ပါသည်။
Attacker မှ victim ဆီသို့  “Google has detected unusual activity on your account. Please respond with the code sent to your mobile device to stop unauthorized activity.” ကဲ့သို့သော SMS Message ထပ်မံပေးပို့ခြင်းဖြင့် code ကိုပြန်လည် ရရှိစေရန် လုပ်ဆောင်မည် ဖြစ်ပါသည်။
ထိုအခါတွင် Victim မှ code ကို ပြန်လည်ပေးပို့လိုက်သောအခါတွင် attacker မှ victim ၏ email account ကို access လုပ်ခွင့်ရရှိသွားမည် ဖြစ်ပါသည်။


Symantec မှ Principal Research Engineer တစ်ဦးဖြစ်သော Grzonkowski ၏မှတ်စုအရဆိုလျှင် အကောင့်၏ password ကို restart ချပြီးသည့်နောက်တွင်လည်း Attacker မှ “Thank you for verifying your Google account. Your temporary password is [TEMPORARY PASSWORD.” ကဲ့သို့သော SMS မျိုးကို victim သို့ ထပ်မံပေးပို့နိုင်ပါသည်။
Victim မှ ၄င်း၏ အကောင့်သည် တိုက်ခိုက်ခံနေရပြီဟု မသိရှိပဲ ယခုအချိန်တွင် တရားဝင်နှင့် ပိုမိုလုံခြုံစိတ်ချပြီဟု တွေးထင် နေမည် ဖြစ်ပါသည်။ ထိုကဲ့သို့ တိုက်ခိုက်ခြင်းဖြင့် phishing attack ဖြစ်နေသည်ကို victim မှမသိပဲ ယုံကြည်နေမည် ဖြစ်ပါသည်ဟု Symantec မှ Principal Research Engineer တစ်ဦးဖြစ်သော Grzonkowski မှရေးသားထားခဲ့ပါသည်။
Symantec မှလေ့လာချက်များအရ အများအားဖြင့် Gmail, Hotmail နှင့် Yahoo Mail အသုံးပြုသူများ တွင် ၄င်း တိုက်ခိုက်မူ့အဖြစ်များကြောင်း တွေ့ရှိရပါသည်။
 

တိုက်ခိုက်မူ့၏ အဓိကရည်ရွယ်ချက်မှာ ငွေရေးကြေးရေးထိခိုက်မူ့မျိုး ကို ရည်ရွယ်၍ တိုက်ခိုက်ခြင်းခြင်းမျိုး မဟုတ်ပဲ သတင်းအချက်အလက်များ ရရှိစေရန်ကိုသာ ဦးတည်၍ တိုက်ခိုက်ခြင်းမျိုး ဖြစ်ကြောင်း Symantec မှ Principal Research Engineer တစ်ဦးဖြစ်သော Grzonkowski မှပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ ရိုးရှင်းထိရောက်သော တိုက်ခိုက်မူ့နည်းလမ်းအသစ်သည် နဂိုပြုလုပ်လေ့ရှိသော Spear Phishing တိုက်ခိုက်မူ့ဖြစ်သော Attacker အနေဖြင့် Domain တစ်ခုကို register ပြုလုပ်ခြင်းနှင့် Phishing site တခုကိုပြုလုပ်ရန် လိုအပ်သည် ထက်ပို၍ ကုန်ကျစရိတ် သက်သာစေပါသည်။ ယခုကဲ့သို့ အခြေအနေတွင် SMS message ပို့သည့် ကုန်ကျစရိတ်သာ ရှိပြီး user’s mobile software (သို့) by the mobile carrier တို့ဖြင့်ပြုလုပ်ခြင်း ဖြစ်သောကြောင့်လည်း detect လုပ်ရန်မှာ ခက်ခဲမည် ဖြစ်ပါသည်။
Victim ဖြစ်ခြင်းမှ ကာကွယ်ရှောင်ရှားရန်အတွက် verification codes ကိုမေးမြန်းသော SMS message မျိုးသည် သံသယဖြစ်ဖွယ် ကောင်းသည့်အတွက် သတိပြုသင့်သည်ဟု အကြံပြုထားပါသည်။ Password recovery services မှ တရားဝင် message ဆိုလျှင် verification codes ကို ရိုးရှင်းစွာဖြင့် ပြောကြားမည် ဖြစ်ပြီး မည်သည့်တုံ့ပြန်မူ့များမှ ပြန်လည်မေးမြန်းလိမ့်မည် မဟုတ်ဟု Grzonkowski မှရေးသားထားခဲ့ပါသည်။
အထက်တွင် ဖော်ပြထားခဲ့သော အကြောင်းအရာများသည် မိမိ၏ အကောင့်ကို လုံခြုံမူ့ရှိစေရန် အတွက် Two Factor Authentication ကိုအသုံးပြုထားသော်လည်း ယခုကဲ့သို့ New Spear Phishing တိုက်ခိုက်မူ့များ ရှိနေသည်ကို သိရှိစေရန် ရည်ရွယ်၍ ဒီဆောင်းပါးလေးကို ရေးသားရခြင်းဖြစ်ပါသည်။ 

From_mmCERT

 Be Aware in Information Security Awareness

http://4.bp.blogspot.com/-K29u8YtOgiA/VkQBjWTck8I/AAAAAAAAAJI/t2ouKjUuX0A/s292/index.jpeg
Beetalk လူထုအကောင့်တွင် follow လုပ်နိုင်ပါပြီ၊







Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial






Ubuntu မှာ Samba Gui ဖွင့်မရတဲ့ပြသနာ

By // No comments:


 http://dab1nmslvvntp.cloudfront.net/wp-content/uploads/2012/05/u11.jpg

Ubuntu မှာ ဖိုင်တွေ sharing လုပ်ဖို့  Samba Gui ကို သွင်းပြီး ဖွင့်တဲ့အခါမှာ
password ထည့်ပြီး Ok နှိပ်လိုက်ရင် ပြန်ပိတ်သွားတဲ့ပြသနာကို ဖြေရှင်းနည်းပါ၊

ctrl + alt + T ကိုနှိပ်ပြီး terminal ကိုခေါ်လိုက်ပါ ၊ ပြီးရင် အောက်မှာပြထားတဲ့အတိုင်း command သုံးပြီး
blank ဖိုင်တစ်ခုဖန်တီးလိုက်ပါ၊

sudo gedit /etc/libuser.conf (အန်းတားခေါက်)
password တောင်းရင် ထည့်  (အန်းတားခေါက်)
ဒါဆိုရင် gedit နဲ့ ပွင့်လာပါမယ် ဘာမှမရေးထည့်ပဲ save လုပ်လိုက်ပါ၊ ဒါဆို blank ဖိုင်တစ်ခု ဖန်တီးပြီးပါပြီ၊ အားလုံးပြီးသွားပြီဆိုတော့ samba gui ကိုဖွင့်လို့ ရပါပြီ။ အိုကေ :)

သိသွားတော့လည်းလွယ်ချက်ပဲကျတယ်၊ ငိငိ ကျော့်တုန်းကဆို ခေါင်းပူအောင်ရှာလိုက်ရတာ ၊
အဆင်ပြေပါစေဗျာ၊၊၊၊၊

မြောက်ဒဂုံသား

http://4.bp.blogspot.com/-K29u8YtOgiA/VkQBjWTck8I/AAAAAAAAAJI/t2ouKjUuX0A/s292/index.jpeg
Beetalk လူထုအကောင့်တွင် follow လုပ်နိုင်ပါပြီ၊








Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial



Mobile Forensic OS (Satuko Linux)

By // No comments:
http://cdn.slidesharecdn.com/ss_thumbnails/viaforensics-thotcon-2013-mobile-security-with-santoku-linux-130626180235-phpapp01-thumbnail-4.jpg?cb=1372287825



မိုဘိုင်း forensic  သမားတွေအတွက် အလွန်တစ်ရာ ကောင်းမွန်တဲ့  OS တစ်ခုပါ၊ သူ့ မှာပါတဲ့
Tools တွေကတော့



Development Tools:
  • Android SDK Manager
  • AXMLPrinter2
  • Fastboot
  • Heimdall (src | howto)
  • Heimdall (GUI) (src | howto)
  • SBF Flash
Penetration Testing:
  • Burp Suite
  • Ettercap
  • Mercury
  • nmap
  • OWASP ZAP
  • SSL Strip
  • w3af (Console)
  • w3af (GUI)
  • Zenmap (As Root)
Wireless Analyzers:
  • Chaosreader
  • dnschef
  • DSniff
  • TCPDUMP
  • Wireshark
  • Wireshark (As Root)
Device Forensics:
  • AFLogical Open Source Edition (src | howto)
  • Android Brute Force Encryption (src | howto)
  • ExifTool
  • iPhone Backup Analyzer (GUI) (src | howto)
  • libimobiledevice (src | howto)
  • scalpel
  • Sleuth Kit
Reverse Engineering:
  • Androguard
  • Antilvl
  • APK Tool
  • Baksmali
  • Dex2Jar
  • Jasmin
  • JD-GUI
  • Mercury
  • Radare2
  • Smali
စတာတွေပဲဖြစ်ပါတယ် ၊ Penetrater တစ်ယောက်မဟုတ်ခဲ့ရင်တောင်မှ မိုဘိုင်း ဆော့ဝဲလ် သမားတွေအတွက်ပါ ပြီးပြည့်စုံတဲ့ OS တစ်ခုဖြစ်ပါတယ်၊ ။ 64-bit OS 


အသုံးပြုနည်း လမ်းညွှန်


Via forensics thotcon-2013-mobile-security-with-santoku-linux from NowSecure 


http://4.bp.blogspot.com/-K29u8YtOgiA/VkQBjWTck8I/AAAAAAAAAJI/t2ouKjUuX0A/s292/index.jpeg
Beetalk လူထုအကောင့်တွင် follow လုပ်နိုင်ပါပြီ၊








Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial
 

သင့်ရဲ့ Facebook Account ဟက်ခံရပါက ပြန်လည်ရယူနည်း

By // No comments:
 http://38.media.tumblr.com/tumblr_lr2653aWLv1qclfey.jpg

ယနေ့ ခေတ်တွင် Facebook ကို အသုံးပြုသူ များပြား လာသည်နှင့်အမျှ ဆိုက်ဘာ တိုက်ခိုက်မှုများ မှာလည်း တစ်စတစ်စ တိုးပွားလာပေသည်။ ထို့ကြောင့် Facebook သုံးစွဲသူများအနေဖြင့် မိမိတို့၏ Facebook Account ကို မသမာသူများ၏ တိုက်ခိုက်မှု မခံရလေအောင် စနစ်တကျ လုံခြုံစွာ အသုံးပြုသင့်ပေသည်။ သို့သော် ကံမကောင်း အကြောင်းမလှ၍ မိမိအသုံးပြုနေသော Facebook Account မှာ အားနည်းချက် ဖြစ်ပေါ်သွားပါက ပြန်လည်၍ ရယူနိုင်မည့် နည်းလမ်းများကို  အောက်တွင် ရေးသားဖော်ပြလိုက်ပါသည်။

ဖြေရှင်းနည်း (၁)
•    အဆင့် ၁။ http://www.facebook.com/hacked/ ကိုသွားပါ
•    အဆင့် ၂။ My Account is compromised ပေါ်တွင်ကလစ်နှိပ်ပါ
•    အဆင့် ၃။ I can’t identify my account ကို Click လုပ်ပါ။
•    အဆင့် ၄။ အောက်တွင် ဖော်ပြထားသော ဖောင်ပုံစံ တစ်ခု ကျလာလိမ့်မည်။

 http://s29.postimg.org/5225lrlbb/facebook_form.jpg

•    အဆင့် ၅။ ဖောင်တွင် သင့်အကြောင်း အသေးစိတ်ကို မှန်ကန်စွာ ဖြည့်ပါ။
•    အဆင့် ၆။ Submit လုပ်ပါ။
မကြာမီ သင့်ကို Facebook team မှ ဆက်သွယ်လာလိမ့်မည်။ သူတို့ဘက်မှ သင့်ရဲ့ Hacked ခံရသော Facebook account ကို ပြန်လည် ရယူပေးလိမ့်မည်။

ဖြေရှင်းနည်း(၂)
•    အဆင့် ၁။ http://www.facebook.com/hacked/ ကိုသွားပါ
•    အဆင့် ၂။ My Account is compromised ပေါ်တွင်ကလစ်နှိပ်ပါ
•    အဆင့် ၃။ သင်၏ Facebook Account အတွင်း အသုံးပြုခဲ့သော Email နှင့် Phone No. ကိုရိုက်ပါ။ (သို့မဟုတ်)   သင်၏ Facebook username (သို့မဟုတ်) သင်၏ Facebook Friend Name ကိုရိုက်ပါ။
•    အဆင့် ၄။ Search ကို ကလစ်နှိပ်ပါ။
•    အဆင့် ၅။ သင်၏ password အဟောင်းကို ရိုက်ထည့်ပါ။
•    အဆင့် ၆။ သင်၏  password မှန်ကန်ပါက login လုပ်လို့ရမည် ဖြစ်ပြီး ဆက်လက်၍ Continue ကိုနှိပ်ပါ။
•    အဆင့် ၇။ password အသစ်ကို ရိုက်ထည့်ပါ။
ထို့နောက် သင်သည် သင့် Facebook Account အတွင်းသို့ အောင်မြင်စွာ ၀င်ရောက် သွားနိုင်မည် ဖြစ်ပေသည်။

ဖြေရှင်းနည်း(၃)
•    အဆင့် ၁။ Facebook.com သို့သွားပါ။
•    အဆင့် ၂။ https://www.facebook.com/recover.php (သို့မဟုတ်) Forget Password ကို ကလစ်နှိပ်ပါ။
•    အဆင့် ၃။ မှန်ကန်သော အကြောင်းအရာ အသေးစိတ်ကို ဖြည့်ပါ။
•    အဆင့် ၄။ Phone No. နှင့် Email Address Box ကို Check လုပ်၍ Send Codes ကို ကလစ်နှိပ်ပါ။
•    အဆင့် ၅။ ထို Codes ကို သင့် Email Address (သို့မဟုတ်) သင့် ဖုန်း၏ SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပြီး ဆက်လက်၍ ‘Password Reset Code’ box တွင် ထို Codes များကို ဖြည့်စွက်ပါ။
•    ထို့နောက် ‘Submit Code’ button ကို ကလစ်နှိပ်ပါ။

အကယ်၍ သင်သည် Codes ကို an email, SMS or phone call မှ မိနစ် ၃၀ ကြာသည့်တိုင်အောင် မရရှိခဲ့လျှင် Help Center သို့သွားရောက်ပြီး လေ့လာပါ။

စာဖတ်သူများအနေဖြင့် အထက်ပါ ဖြေရှင်းနည်း ၃ မျိုးမှ ကြိုက်နှစ်သက်ရာ ၁မျိုးကို ရွေးချယ်၍ Facebook Account နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အခက်အခဲ ဖြစ်လာပါက အသုံးပြုနိုင်ရန် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

from(MMCERT)Myanmar Cyber Emengency Responce Team




http://4.bp.blogspot.com/-K29u8YtOgiA/VkQBjWTck8I/AAAAAAAAAJI/t2ouKjUuX0A/s292/index.jpeg
Beetalk လူထုအကောင့်တွင် follow လုပ်နိုင်ပါပြီ၊

 






Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial

Wireless Pentesting from Android (မြန်မာလိုစာအုပ်)

By // No comments:

Android Phone တစ်လုံးကနေ ၀ိုင်ဖိုင် hotspot တစ်ခုလွှင့်ပြီး ၀င်ရောက်အသုံးပြုနေတဲ့
user တွေရဲ့ သတင်းအချက်လက်တွေကို ဘယ်ပုံဘယ်နည်းနဲ့ ကြားဖြတ်ခိုးယူတယ်
ဝင်ရောက်အသုံးပြုနေတဲ့ user ရဲ့ password တွေကို ဘယ်လိုခိုးယူလို့ ရတယ်
ဘယ်လိုကြားဖြတ်ယူလို့ ရတယ်ဆိုတာကို beginer တွေနားလည်အောင် သေချာလေးရှင်းပြပေးထားပါတယ်၊
Educational Purpose Only ပါ၊ ဗဟုသုတအတွက်နဲ့  ကာကွယ်သတိရှိရန်အတွက်သာ
ရည်ရွယ်ပါတယ်၊ ဖြစ်ပေါ်လာသောနောက်ဆက်တွဲများကို တာဝန်မယူပါ၊








မြောက်ဒဂုံသား

Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial



open .uif file (uif to iso)

By // No comments:
 [Image: Screenshot_from_2015_10_15_21_25_44.png]


UIF ဆိုတာ Universal Image Format ကိုခေါ်တာပါ၊ poweful compression image file format ပါ၊
2GB ကျော်ရှိတဲ့ data file ကို 1GB သာသာရအောင်ခြုံ့ ပေးနိုင်ပါတယ်၊ မြန်တယ် ၊ data encryption လုပ်လို့ ရတယ်စသဖြင့်
feature တွေအများကြီးပါဝင်ပါတယ်၊ Magic ISO ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်၊

ctrl+alt+t ကိုနှိပ်ပြီး terminal ကိုခေါ်ပါမယ်။

sudo apt-get update

sudo apt-get install uif2iso
[Image: Screenshot_from_2015_10_15_21_25_44.png]

ဒါဆို software ကိုသွင်းပြီးပါပြီ။

ဘယ်လိုဖိုင်ကိုဖြည်မလဲဆိုရင် uif ဖိုင်ရှိတဲ့ ဖိုဒါကိုသွားပါမယ်။
ဖိုဒါထဲရောက်ပြီဆိုရင် right click ကိုနှိပ်ပြီး ပေါ်လာတဲ့ option ထဲက terminal ကိုဖွင့်လိုက်ပါမယ်၊

သုံးရမယ့် command က

[Image: Screenshot_from_2015_10_15_21_27_38.png]


uif2iso        input.uif     output.iso
   |               |              |
   |               |              | _______output file (eg. file.iso)
   |               |    
   |               |              
   |               |_______  input file (eg. file.uif))              
   |                    
   |__________ Command

ဒါဆိုရင် .uif ဖိုင်ရှိတဲ့ဖိုဒါထဲမှာ iso format နဲ့ နောက်တစ်ဖိုင်ထပ်ရောက်နေပါလိမ့်မယ်၊
အဲ့ဖိုင်ကို ဖွင့်ချင်ရင်တော့ iso ဖိုင်ကို right click နှိပ်၊ open with > archive mounter ကနေဖွင့်လို့ ရပါတယ်၊






မြောက်ဒဂုံသား
Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial

Internet Radio Streaming From Ubuntu (မြန်မာလိုစာအုပ်)

By // No comments:


ubuntu os ပေါ်ကနေ အင်တာနက် ရေဒီယို streaming လုပ်လိုသူတွေအတွက် ၊ beginer များအတွက်ပါ
အဆင်ပြေအောင်ရေးထားပါသည်၊




Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial

မြောက်ဒဂုံသား

Whois Command အသုံးပြုနည်း

By // No comments:
N00b များအတွက်ရည်ရွယ်ပါသည် ကျန်တော်သိသလောက်လေးသာရေးထားတာမို့ လို့ 
ဝေဖန်ထောက်ရှု ပေးကြပါ ဦးကြီးတို့ 
 ----------------------------------------------------------------------------------------------------------------------



whois ဆိုတဲ့ command ကို အသုံးပြုပြီး ကျွန်တော်တို့ သိချင်တဲ့ 
website သို့ မဟုက် ip address တစ်ခုရဲ့ 
ပိုင်ရှင် နာမည် ၊ လိပ်စာ ၊ ဖုန်းနံပါတ် ၊ email ၊ စတာတွေကို ရှာဖွေလို့ ရပါတယ်၊

ctrl+alt+t ကိုနှိပ်ပြီး terminal ကိုခေါ်ပါ whois ကိုသွင်းပါမယ်၊

$sudo apt-get update (အန်းတားခေါက်)
$sudo apt-get install whois (အန်းတားခေါက်)
ဘယ်လိုအကြောင်းမျိုးနဲ့ ဖြစ်ပါစေ ဒီအချက်လက်တွေကိုလိုချင်တဲ့အခါ ၊ ဥပမာ သင်က
mmsecurity.net ရဲ့ domain နဲ့ ပတ်သက်တဲ့အချက်လက်တွေ
သက်တမ်းကုန်ဆုံးရင် ဘာညာကွာစိတွေကို ကြည့်ချင်တဲ့အခါ Terminal ထဲမှာ 
$whois mmsecurity.net (အန်းတာခေါက်)

Domain Name: MMSECURITY.NET
   Registrar: PDR LTD. D/B/A PUBLICDOMAINREGISTRY.COM
   Sponsoring Registrar IANA ID: 303
   Whois Server: whois.PublicDomainRegistry.com
   Referral URL: http://www.PublicDomainRegistry.com
   Name Server: NS88.WEBHOSTMM.NET
   Name Server: NS99.WEBHOSTMM.NET
   Status: clientTransferProhibited http://www.icann.org/epp#clientTransferProhibited
   Updated Date: 02-apr-2015
   Creation Date: 12-apr-2014
   Expiration Date: 12-apr-2016

စသဖြင့်ပေါ့လေ Name server တွေ သက်တမ်းကုန်ဆုံးရက် စတင်သုံးစွဲတဲ့ရက် blah blah blah တွေ
ထွက်လာပါမယ်၊ နောက်အောက်မှာ ဆက်ဖက်သွားမယ်ဆိုရင် ပိုင်ရှင်ရဲ့ 
 နာမည် အီးမေးလိပ်စာ ဖုန်းနံပါတ် စတာတွေ တွေ့ ရပါမယ်၊

Registrant Name: Myanmar Security Forum
Registrant Organization: MSF
Registrant Street: No(133720),Myanmar Security Street,  
Registrant City: Yangon
Registrant State/Province: Other
Registrant Postal Code: 095
Registrant Country: MM
Registrant Phone: +95.254*****
Registrant Phone Ext:
Registrant Fax:
Registrant Fax Ext:
Registrant Email: bluehac*****@gmail.com
Registry Admin ID:
Admin Name: Myanmar Security Forum
Admin Organization: MSF
Admin Street: No(133720),Myanmar Security Street, 
Admin City: Yangon
Admin State/Province: Other
Admin Postal Code: 095
Admin Country: MM
Admin Phone: +95.254*****
Admin Phone Ext:
Admin Fax:
Admin Fax Ext:
Admin Email: bluehac*****@gmail.com
Registry Tech ID:
Tech Name: Myanmar Security Forum
Tech Organization: MSF
Tech Street: No(133720),Myanmar Security Street, 
Tech City: Yangon
Tech State/Province: Other
Tech Postal Code: 095
Tech Country: MM
Tech Phone: +95.254*****
Tech Phone Ext:
Tech Fax:
Tech Fax Ext:
Tech Email: bluehac*****@gmail.com

မိုက်တယ်နော် ကျန်တော်တို့ က Myanmar Security Street မှာနေတာပါ  :D

ဒါကတော့ telenor myanmar 111.84.193.204 ကို whois လုပ်ထားတဲ့ result ပါ

puupuu@deb-lab:~$ whois 111.84.193.204
% [whois.apnic.net]
% Whois data copyright terms    http://www.apnic.net/db/dbcopyright.html

% Information related to '111.84.192.0 - 111.84.195.255'

inetnum:        111.84.192.0 - 111.84.195.255
netname:        TELENORMYANMAR-MM
descr:          Telenor Myanmar Ltd.
country:        MM
admin-c:        TMA1-AP
tech-c:         TMA1-AP
status:         ASSIGNED NON-PORTABLE
mnt-by:         MAINT-TH-DTAC
mnt-irt:        IRT-DTACNET-TH
changed:        IP-Network@dtac.co.th 20141201
source:         APNIC

irt:            IRT-DTACNET-TH
address:        333/3 Chai Bldg. Viphavadee Rangsit Rd Chatuchak 10900
address:        Address: Thailand
e-mail:         SOC-FE-IP@dtac.co.th
abuse-mailbox:  SOC-FE-IP@dtac.co.th
admin-c:        PR43-AP
tech-c:         PR43-AP
auth:           # Filtered
mnt-by:         MAINT-TH-DTAC
changed:        SOC-FE-IP@dtac.co.th 20110211
source:         APNIC

role:           Telenor Myanmar administrator
address:        No.40, No. 1 Industrial Road, Bahan Township, Yangon
country:        MM
phone:          +95-(0)979-0302-150
fax-no:         +95-(0)979-0302-150
e-mail:         Transport.Myanmar@telenor.com.mm
admin-c:        TMA1-AP
tech-c:         TMA1-AP
nic-hdl:        TMA1-AP
mnt-by:         MAINT-TELENORMYANMAR-MM
changed:        hm-changed@apnic.net 20150401
source:         APNIC

% This query was served by the APNIC Whois Service version 1.69.1-APNICv1r0 (UNDEFINED)


မြောက်ဒဂုံသား
Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial

Lets Be a Great Hacker (Online Hacker Simulator)

By // No comments:











ဒီတစ်ခါ ကီးဘုတ် တစ်ဖြောင်းဖြောင်းရိုက်ပြီး ဟက်ကာကြီး ပုံစံဖမ်းမယ်ဗျာ ubuntu မှာ hollywood terminal နဲ့ ရွသလိုပဲ ဒီတစ်ခါ ပိုလန်းတယ် ubuntu မလိုဘူး web browser တစ်ခုရှိရင်ရပြီ၊



အဲ့ကိုသွား ပေါ်လာတဲ့ webpage ထဲကကြိုက်တဲ့ theme ကိုနှိပ်လိုက်၊
ပွင့်လာရင် F11 ကိုနှိပ်ပြီး  စကရင်အပြည့်ဖြစ်အောင်လုပ်လိုက်၊

ရွလို့ ရပြီ။

ဘာတွေရွနိုင်လဲဆိုရင်

IP Trace တာတို့ 
သူများ network ထဲကိုဖောက်ဝင်တာတို့ 
interpol ကွန်ရက်ထဲဝင်တာတို့ 
nmap scan တို့ 
RAT network ကိုထိန်းချုပ်တာတို့ 
Hash ဖြည်တာ
data တွေခိုးတာ 
တည်နေရာထောက်လှမ်းတာတွေ
နျူကလီးယားလက်နက်တွေကိုလိုသလိုထိန်းချုပ်တာတွေ
စသဖြင့် စသဖြင့်ပေါ့လေ
ရွလို့ ကောင်းတာတွေအများကြီးပါတယ်လို့ ၊


မြောက်ဒဂုံသား

Download Myanmar Hacker Story Android Apk
 offline reader of
Myanmar Hacker News & Tutorial



Lets Be a Great Hacker (Hollywood Terminal-Ubuntu)

By // No comments:



Hollywood ရုပ်ရှင်ကားတွေထဲကလို ကီးဘုတ် တစ်ဖြောင်းဖြောင်းရိုက်ပြီး မာ့စတာ့မာစတာ ဟက်ကာကြီးပုံဖမ်းကြရအောင် :P

ရုပ်ရှင်ထဲမှာ ဟက်ကာတွေအလုပ်များချက်က 9 လောက်ရှိတယ်နော် အာ့ Hollywood Terminal ကို သုံးပြီး ဟက်နေတာတဲ့ ၊ ငိငိ

ဘာပဲဖြစ်ဖြစ် မိုက်တာတော့မိုက်ပါတယ် ၊

Ctrl+T Terminal ကိုဖွင့်ပါ အောက်မှာပြထားတာတွေကို တစ်ကြောင်းချင်းထည့်

sudo apt-add-repository ppa:hollywood/ppa (ppa သွင်းပါမယ်)

sudo apt-get update (update လုပ်ပါမယ်)

sudo apt-get install hollywood

sudo apt-get install byobu

အားလုံးပြီးသွားပြီဆိုရင် teminal ထဲမှာ Hollywood လို့ ရိုက်လိုက်ပါ။

ဂျိမ်းစဘွန်းတီးလုံးလေးတောင်ပါသေးတယ်


  


မြောက်ဒဂုံသား

Monkey Test & Time Service Malware အကြောင်း (သတ်နည်း)

By // No comments:
Ghost Push - Monkey Test & Time Service ဗိုင်းရပ်စ်များအား ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း နှင့် ဖြေရှင်းခြင်း
=================================================

(ပြည့်စုံထိရောက်သော B4A Ghost Push Killer APK တခု ဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်)။
2015 August လအတွင်းမှာ Coolpad ဖုန်း သုံးတဲ့သူတွေဟာ Official update လုပ်ပြီးတဲ့နောက် သူတို့ရဲ့ ဖုန်းတွေမှာ MonkeyTest နဲ့ TimeService ဆိုတဲ့ ဗိုင်းရပ်စ် ၀င်ရောက်နေတာကို တွေ့ရပါတယ်။ အဲဒီဗိုင်းရပ်စ် တွေဟာ Ghost Push ဆိုတဲ့ ဗိုင်းရပ်စ် က အရင်ဝင်ရောက်ပြီးမှ ရောက်လာကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၈) ရက်နေ့မှာဆိုရင် ဗိုင်းရပ်စ် ၀င်ရောက်ကူးစက်ခံရတဲ့ ဖုန်းအရေအတွက်က တရက်ကို (၇)သိန်းအထိ ရှိလာခဲ့ပါတယ်။ Samsung, Coolpad, Moto အပါအ၀င် ဖုန်းမော်ဒယ် (၁)သောင်းကျော် ကူးစက်ခံခဲ့ရပါတယ်။
စူးစမ်းစစ်ဆေးချက်တွေအရ ဒီဗိုင်းရပ်စ် အဓိက ကူးစက်ခံရတာက အမေရိက၊ ရရှား၊ အရှေ့တောင်အာရှ နဲ့ တရုတ်တောင်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။

Ghost Push ဟာ system-level access ကို ရယူပါတယ်။ ပြီးရင် ဖုန်းကို root လုပ်ပါတယ်။ MonkeyTest နဲ့ TimeService တွေကို ထပ်ပြီး download ချပါတယ်။ ဖုန်းဟာ အလွန်လေးလံသွားမယ်၊ ဘက်ထရီ အမြန်ကုန်သွားမယ်၊ အင်တာနက် network traffic ကို သိသိသာသာ ဆွဲသုံးမယ်။ အန္တရာယ်ကြီးတာက ဒီဗိုင်းရပ်စ်တွေကို အလွယ်တကူ သတ်လို့မရပဲ၊ Uninstall လုပ်ရင်လဲ ဖုန်းကို restart လုပ်လိုက်တာနဲ့ ပြန်ပေါ်လာပါတယ်။
အဲဒီတော့ Ghost Push ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို ရှင်းထုတ် ရမလဲဆိုတာ လေ့လာကြည့်ကြပါမယ်။
Ghost Push ဟာ ဖုန်းရဲ့ root access ကို ရယူတယ်။ အင်တာနက် data ကို သုံးပြီး ကြော်ငြာတွေကို ဆွဲချပါတယ်။ ဖုန်းသုံးသူမသိလိုက်ပဲ အခြား အသုံးမ၀င်တဲ့ application တွေကိုလဲ download ချပါတယ်။
Hacker တွေက Ghost Push ဗိုင်းရပ်စ် code တွေကို နံမယ်ကြီး application တွေမှာ ညှပ်ထည့်ပြီး original application ပုံစံနဲ့ ဖြန့်ဝေပါတယ်။ သုံးတဲ့သူတွေက အစစ်အမှန်ထင်ပြီး install လုပ်လိုက်မိချိန်မှာ ပြဿနာ တက်တော့တာပါပဲ။ ဗိုင်းရပ်စ်ပိုး ထည့်သွင်းခံထားရတဲ့ application တွေကို နောက်ဆက်တွဲ (၁) မှာ ဖော်ပြထားပါတယ်။
(၁) ဗိုင်းရပ်စ် ၀င်ရောက်ပြန့်နှံ့ပုံအား လေ့လာခြင်း
------------------------------------------------


(၁-က) Root ရအောင် လုပ်ခြင်း
--------------------------------

Ghost Push ဟာ ဖုန်းမော်ဒယ် နဲ့ အခြား information တွေကို "http://api.aedxdrcb.com/ggview/rsddateindex" ဆိုတဲ့ server ဆီကို ပေးပို့ပါတယ်။ အဲဒီကနေမှ http://down.upgamecdn.com/onekeysdk/tr_new/rt_0915_130.apk ကနေ root toolkit ကို download ချပါတယ်။ ပြီးတာနဲ့ ဖုန်းကို တိတ်တိတ်လေး root ဖောက်ပါတယ်။ နောက်တဆင့်အနေနဲ့ debuggerd ဖိုင်ကို အစားထိုးတယ်၊ install-recovery.sh ဖိုင်မှာ code တွေ ပြင်တယ်၊ /system/xbin folder ထဲမှာ bin ဗိုင်းရပ်စ် ဖိုင်တွေ ဖန်တီးတယ်၊ ROM virus ကို install လုပ်ပါတယ်။ /system/priv-app, /system/app folder တွေထဲမှာ "camera_update" လိုဖိုင်တွေ ဖန်တီးပါတယ်။
camera_update ဟာ ဗိုင်းရပ်စ် ဖိုင်ဖြစ်ပြီး /system/priv-app folder ထဲမှာ ရှိနေပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ ဖုန်းရဲ့ ROM ထဲကို ၀င်နေပြီး uninstall လုပ်လို့ မရအောင် လုပ်ထားပါတယ်။ ဒီ ဖိုင်ကနေပဲ http://massla.hdyfhpoi.com/gkview/info/801 ကနေ MonkeyTest, http://u.syllyq1n.com/mmslow/api/821 ကနေ TimeService apk တွေကို install လုပ်ယူပါတယ်။ ပြီးတော့ အခြား ဘာမှန်းမသိတဲ့ application တွေကိုလဲ install လုပ်ယူပါတယ်။

(၂) မူရင်းဗိုင်းရပ်စ်ကို သတ်မရအောင် အကာအကွယ် လုပ်ထားပုံ
------------------------------------------------------------------

(၂-က) ROM ထဲက မူရင်း ဗိုင်းရပ်စ်ကို Bin က အကာအကွယ် ပေးထားတယ်
------------------------------------------------------------------------------




စက်ကို ပါဝါစဖွင့်တာနဲ့ install-recovery.sh နဲ့ debuggerd ဖိုင်တွေကို execute လုပ်ပါတယ်။ အဲဒီ ဖိုင်၂ခုကနေ ဗိုင်းရပ်စ် bin ဖိုင်ကို execute ဆက်လုပ်ပါတယ်။ ဒီဟာက ROM ထဲမှာ ရှိနေတဲ့ မူရင်းဗိုင်းရပ်စ်ကို အကာအကွယ်ပေးပြီး ဆက် run နေစေတယ်၊ မူရင်းဗိုင်းရပ်စ် ရဲ့ နောက်ဆုံး installation package ကို ရယူပါတယ်။
တကယ်လို့ မူရင်းဗိုင်းရပ်စ်ကို uninstall လုပ်လိုက်ရင် Bin ဖိုင်ကပဲ ဗိုင်းရပ်စ်ကို ထပ် download ချပြီး ROM ထဲမှာ ပြန် install လုပ်ပါတယ်။

 

 
(၂-ခ) Bin ဖိုင်ကို ဖျက်လို့ မရအောင် လုပ်ထားတယ်
---------------------------------------------------


စက်က run နေချိန်မှာ Bin ဖိုင်ဟာ "chattr +I" command ကို သုံးပြီး သူ့ကိုဖျက်လို့မရအောင် ကာကွယ်ထားတယ်။

(၂-ဂ) APK ဖိုင်ကို ဖျက်လို့မရအောင် လုပ်ထားတယ်
----------------------------------------------------
Ghost Push ကလဲ user တွေ သူ့ကို ဖျက်လို့မရအောင် "chattr +I" နဲ့ ကာကွယ်ထားတယ်။

၃။ ဗိုင်းရပ်စ် က ဘာတွေ လုပ်သလဲ
------------------------------------

(၃-က) ကြော်ငြာများ ဆွဲချပြခြင်း
---------------------------------

ဖုန်းသုံးတဲ့သူက အင်တာနက် ဖွင့်လိုက်တာနဲ့ ဗိုင်းရပ်စ် ဖိုင်တွေက ကြော်ငြာတွေကို download ဆွဲချပြီး ဇွတ်ပြတယ်။ သူက wifi connection ကို ပိတ်ပစ်ပြီး ဖုန်းရဲ့ data ကို သုံးတယ်။

(၃-ခ) Application များ install လုပ်ခြင်း
----------------------------------------

http://m.AEDXDRCB.COM/gcview/api/910 ကနေ MonkeyTest နဲ့ TimeService ကို download ချ၊ install လုပ်ယူတယ်။ ဒီလို ကြော်ငြာတွေ push လုပ်တာ၊ apk တွေ push လုပ်တာတွေအတွက် Ghost Push ဟာ SQLite Database ကို သုံးတာ တွေ့ရတယ်။

(၃-ဂ) Booster ကို သုံးခြင်း
-----------------------------
Application တွေကို download ချနိုင်ဖို့၊ install လုပ်နိုင်ဖို့အတွက် Accessibility ထဲက Booster ကို ဖွင့်ခိုင်းတတ်ပါတယ်။





(၄) ဗိုင်းရပ်စ် ပြဿနာ ဖြေရှင်းနည်း
-------------------------------------

(၄-က) StubbornTrjKiller

Google Play မှာ ဒီဗိုင်းရပ်စ်ကို သတ်တဲ့ APK ကို အောက်က Link မှာ download ချပြီး သုံးနိုင်ပါတယ်။
https://play.google.com/store/apps/details…

(၄-ခ) ကိုယ်တိုင် သတ်နည်း

ဖုန်းဟာ Root လုပ်ပြီး ဖြစ်ရပါမယ်။ Busybox install လုပ်ပြီး ဖြစ်ရပါမယ်။
adb tool
http://developer.android.com/tools/help/adb.html
Busybox
http://www.busybox.net
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ adb shell ကနေ "su" command ကို သုံးပြီး root permission ယူပါ။
-----------------------------------------------------------
adb shell မှာ အောက်က command တွေကို ရိုက်ထည့်ပါ။
------------------------------------------------------------
ps | grep .base ‪#‎get‬ the pid of file .base
kill pid
---------------------
Bin ဖိုင်ကို ဖယ်ရှားဖို့
---------------------
mount -o remount rw /system ‪#‎different‬ system may use different command
chattr –ia /system/xbin/.ext.base
chattr –ia /system/xbin/.bat.base
chattr –ia /system/xbin/.zip.base
chattr –ia /system/xbin/.word.base
chattr –ia /system/xbin/.look.base
chattr –ia /system/xbin/.like.base
chattr –ia /system/xbin/.view.base
chattr –ia /system/xbin/.must.base
chattr –ia /system/xbin/.team.base
chattr –ia /system/xbin/.type.base
chattr –ia /system/xbin/.b
chattr –ia /system/xbin/.sys.apk
chattr –ia /system/xbin/.df
chattr –ia /system/bin/daemonuis
chattr –ia /system/bin/uis
chattr –ia /system/bin/debuggerd
chattr –ia /system/bin/nis
chattr –ia /system/bin/daemonnis
chattr –ia /system/bin/.daemon/nis
chattr –ia /system/bin/uis
chattr –ia /system/bin/.sr/nis
chattr –ia /system/bin/mis
chattr –ia /system/bin/daemonmis
chattr –ia /system/bin/.daemon/mis
chattr –ia /system/bin/.sc/mis
rm /system/xbin/.ext.base
rm /system/xbin/.bat.base
rm /system/xbin/.zip.base
rm /system/xbin/.word.base
rm /system/xbin/.look.base
rm /system/xbin/.like.base
rm /system/xbin/.view.base
rm /system/xbin/.must.base
rm /system/xbin/.team.base
rm /system/xbin/.type.base
rm /system/xbin/.b
rm /system/xbin/.sys.apk
rm /system/xbin/.df
rm /system/bin/daemonuis
rm /system/bin/uis
rm /system/bin/debuggerd
rm /system/bin/nis
rm /system/bin/daemonnis
rm /system/bin/.daemon/nis
rm /system/bin/uis
rm /system/bin/.sr/nis
rm /system/bin/mis
rm /system/bin/daemonmis
rm /system/bin/.daemon/mis
rm /system/bin/.sc/mis
cp /system/bin/debuggerd_test /system/bin/debuggerd
------------------
ဒါနဲ့မှ မရသေးရင်
------------------
chattr –ia /system/priv-app/cameraupdate.apk
chattr –ia /system/priv-app/com.android.wp.net.log.apk
rm -rf /data/data/com.android.camera.update
rm -rf /data/data/com.android.wp.net.log
rm /systam/priv-app/cameraupdate.apk
rm /systam/priv-app/com.android.wp.net.log.apk
adb shell
cp /system/etc/install-revcovery.sh /sdcard/
adb pull /sdcard/install-revcovery.sh
adb push install-revcovery.sh /sdcard/
cp /sdcard/install-revcovery.sh /system/etc/
open /system/etc/install-recovery.sh,remove code below.
/system/bin/daemonuis --auto-daemon &
#!/system/bin/sh
/system/xbin/.ext.base &
#!/system/bin/sh
/system/xbin/.ext.base &
====================

(၄-ဂ) လုံခြုံရေး အကြံပြုချက်
Ghost Push ဗိုင်းရပ်စ် ဟာ ကြော်ငြာ SDK တွေ၊ browser ကြော်ငြာတွေ ကနေ ကူးစက်တတ်ပါတယ်။ နံမယ်ကြီး Application ပုံစံအနေနဲ့လဲ ဟန်ဆောင်ပြီး လာတတ်ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ source ကို လေ့လာကြည့်တဲ့အခါ တရုတ်ကုမ္ပဏီ Xinyinhe ကလာတာကို တွေ့ရပါတယ်။ Key ROOT master နဲ့ အဆက်အစပ် ရှိနိုင်ပါတယ်။
http://www.ngemob.com နဲ့ http://root.ngemob.com ကို Xinyinhe က ပိုင်ဆိုင်ပါတယ်။
Key Root Master http://www.dashi.com/ က http://www.ngemob.com ရဲ့ IP address နဲ့ အတူတူပါပဲ။
ဆက်စပ်စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။
=====================
နောက်ဆက်တွဲ(၁)
--------------------
ဗိုင်းရပ်စ် ကူစက်ထားသော Application များ
--------------------------------------------
WiFi Enhancer
TimeService
Indian Sexy Stories 2
Assistive Touch
Accurate Compass
All-star Fruit Slash
Happy Fishing
MonkeyTest
PinkyGirls
XVideo Codec Pack
Amazon/应用中心
Hubii News
itouch
Light Browser
XVideo
Memory Booster
WordLock
Fast Booster
Talking Tom 3
Photo Clean
Super Mario
SmartFolder
Simple Flashlight
Daily Racing
SettingService
boom pig
WhatsWifi
Hot Video
Lemon Browser
Multifunction Flashlight
小白点/Assistive Touch
Hot Girls
Sex Cademy
iVideo
Fruit Slots
Wifi Speeder
WiFi FTP
Ice Browser
PronClub
======================
Ref: CheetahMobile

ကို Nyi Nyi Lwin ဘာသာပြန်ထားသောပိုစ့်ကို စီလျော်အောင် ပြင်ဆင်ပါသည်၊

Internet Radio Streaming from Ubuntu

By // No comments:
ဒီတစ်ခါ Ubuntu ကနေ Internet Radio Streaming လွှင့်တာကို Step By Sptep Setup လုပ်ပြမယ်နော်

ပထမဆုံး www.listen2myradio.com/signup.php ကိုသွားမယ်ဗျာ။

ပြီးရင်အောက်မှာပြထားသလို အချက်လက်တွေဖြည့် signup လုပ်ပါမယ်၊




ပြီးရင် ကိုယ့် mail ထဲဝင် listen2myradio ဆိုပြီး mail တစ်ဆောင်ရောက်နေပါမယ်၊ နှိပ်လိုက်ပါ
သူပို့ လိုက်တဲ့ confirmation link ကိုနှိပ်ပါ၊



အောက်ကလိုပေါ်လာပြီဆိုရင် signup လုပ်တာပြီးပါပြီ၊


http://listen2myradio.com/login-free.php ကိုသွားပါမယ်၊
စောနကဖွင့်ထားတဲ့အကောင့်နဲ့ ဝင်လိုက်ပါ ၊ အောက်ကပုံလိုမျိုးပေါ်လာပါမယ်၊
You need to install your radio !!!!!
press here to install : here ကိုနှိပ်လိုက်ပါ၊



နောက်ပေါ်လာတဲ့page မှာ ရေဒီယိုအတွက်အချက်လက်တွေထည့်ပါ၊
broadcaster password နဲ့  admin password ကအရေးကြီးပါတယ် အဲ့နှစ်ခုကို တူတူထည့် စိတ်ထဲမှတ်ထားနော် အောက်မှာလာမယ်၊
နောက် Tittle မှာ Radio Name ထည့်ပါ ၊
Text1 . Text2 မှာတစ်ခုနဲ့ တစ်ခုမတူအောင်ထည့်ပါ ၊ အနည်းဆုံး စာလုံးရေ ၃၀ ထည့်ပေးရပါမယ်၊
Radio url မှာ radio name ကိုယ်ကြိုက်တာထည့်ပါ အဲ့ url ကနေသီချင်းနားထောင်ရမှာဖြစ်ပါတယ်၊
ပြီးရင် အောက်ဆုံးမှာ install ကိုနှိပ်ပါ၊






For next step of installation PRESS HERE ကိုနှိပ်ပါ၊




Radio Server ရွေးခိုင်းပါတယ် ကျန်တော်ကတော့ singapore server ကိုပဲရွေးပါတယ်၊
SG(singapore) -server press : here ကိုနှိပ်ပါတယ်၊




please wait 60 second ဆိုတာပေါ်လာပါမယ် ခနလောက်စောင့်လိုက်ပါ၊


ခနလောက်ကြာရင် အောက်ကလိုပေါ်လာပါမယ် ၊ မပေါ်လာရင်လည်း F5 ကိုနှိပ်ပြီး Refresh လုပ်လိုက်နော်
webpage ကို၊




username: puu (ယူဇာနိမ်းပါ)
Stream status: Stream is ON ( ဆာဗာ on နေမှ လွင့်လို့ရမှာပါ မအွန်ရင်နှိပ်အွန်ပါ)
Server type : shoutcast (ဆာဗာအမျိုးစားပါ၊ )
D.N.A.S panel (ရေဒီယိုလွှင့်တဲ့ source နဲ့  listen တွေရဲ့အိုင်ပီ ဘာညာတွေကြည့်တဲ့နေရာပါ)
of your radio click here - username:admin | password:iamblogger@ndg ( D.N.A.S panel ကို login ၀င်ဖို့ usr + pass)

IP: 95.154.254.83 | PORT: 23664 (ရေဒီယိုလွှင့်ဖို့  သင့်ဆာဗာရဲ့ လိပ်စာနဲ့  ပေါ့နံပါတ်)
Streaming Username: (leave that field empty)!!! | Streaming Password: iamblogger@ndg (ရေဒီယိုလွှင့်ဖို့  အကောင့်)

ဒီလောက်ဆိုserver အပိုင်းအကြမ်းဖြင်းသိလောက်ပြီနော် ၊


Ctrl+Alt+T ကိုနှိပ်ပြီး Terminal ကိုခေါ်ပါ၊

sudo apt-get install update ကိုရိုက် enter ခေါက်
ပက်စ်ဝက်ထည့် enter ခေါက်၊

ပြီးသွားပြီဆိုရင် mixxx ကိုသွင်းပါမယ် ။ DJ software ပါ၊

sudo apt-get install mixxx
ပက်စ်ဝက်ထည့် enter ခေါက်၊

ပုံမှာပြထားသလို Do yo want to continue [Y/n] Y လို့ ထည့်ပြီး enter ခေါက်ပါ၊



install လုပ်ပြီးပြီဆိုရင် terminal မှာ mixxx လို့ ရိုက် enter ခေါက်လိုက်ရင် ပွင့်လာပါမယ်။
dj software အရင်ပွင့်လာမှာမဟုက်ပဲ library ဖိုင်ပွင့်လာပါမယ် သီချင်းရှိတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ ၊

mixxx ပွင့်လာပြီဆိုရင် Ctrl+P ကိုနှိပ်ပြီး (Preference) ကိုဝင်ပါ၊
Live Broadcasting ကိုနှိပ်ပါ ၊ အောက်မှာပြထားသလိုဖြည့်ပါမယ်၊

Type ကိုနှိပ် icecast2 လို့ ပေါ်နေတာကို shoutcast လို့ ပြောင်းပါ၊
Host မှာဘာထည့်မလဲ ၊ ?
အပေါ်မှာပြောခဲ့တယ်လေ IP: 95.154.254.83 (ဒါက host) | PORT: 23664 (ဒါက port)
Streaming Username: (leave that field empty)!!! | Streaming Password: iamblogger@ndg (ရေဒီယိုလွှင့်ဖို့  အကောင့်)

ဆိုတဲ့ နေရာမှာ 95.154.254.83 ကိုထည့်မယ် (သင့်ဆာဗာရဲ့  လိပ်စာ ကိုထည့်နော် ကျန်တော်နဲ့ တူမှာမဟုက်ဘူး)
ဒါဆို ရင် Host : 95.154.254.83 Port : 23664
Login : puu(သင့်ယူဇာနိမ်းထည့်) password : iamblogger@ndg (အပေါ်မှာတူတူထည့်ခိုင်းတဲ့ပက်စ်ဝက်လေ အာ့ထည့်)

Stream name နဲ့  Website မှာ ကြိုက်တာထည့်ဗျာ ရတယ်
ပြီးရင် ညာဘက်အောက်ဆုံးက OK ကိုနှိပ်လိုက်ပါ ၊

ကဲ server ပိုင်းရော client ပိုင်းရောပြီးသွားပြီဗျာ ၊

Live Broadcasting ကို Enable လုပ်ပါမယ်၊ Ctrl+L ဒါမှမဟုက် Option > Enable Live Broadcasting ကိုအမှန်ခြစ်ပါ၊

Mixx has sucessfully connect to the shoutcast server ဆိုတာပေါ်လာပါမယ် ၊ ဒါဆိုအမှားယွင်းမရှိအိုကေပြီပေါ့၊
အာ့မှမဟုက်ရင်တော့ ပြန်စစ်ပါ ဘယ်နေရာမှာထည့်တာမှားနေလဲဆိုတာ ၊

ကဲတစ်ကယ်ချိတ်မချိတ်အတည်ပြုပါမယ် ၊ ဘယ်လိုလုပ်မလဲဆိုတော့
http://www.listen2myradio.com/exec.php သင့် shoutcast control panel ထဲက

D.N.A.S panel of your radio (click here) ဆိုတာကို right click ပြီး open link in next tab နောက်တစ်မျက်နာကိုဖွင့်လိုက်ပြီ၊
အောက်မှာပြထားသလိုပေါ်လာပါမယ် ဒါဆို အောင်မြင်စွာချိတ်ဆက်ပြီးပါပြီ နဲနဲဆက်ကလိရအောက် ၊
ညာဘက်အစွန်ဆုံးက AdminLogin ကိုနှိပ်




D.N.A.S panel (ရေဒီယိုလွှင့်တဲ့ source နဲ့  listen တွေရဲ့အိုင်ပီ ဘာညာတွေကြည့်တဲ့နေရာပါ)
of your radio click here - username:admin | password:iamblogger@ndg ( D.N.A.S panel ကို login ၀င်ဖို့ usr + pass)

user name : admin
password : အပေါ်မှာတူတူလုပ်ခိုင်းတဲ့ပက်စ်ဝက်ကိုထည့်ပါ ၊
ပြီးရင် Ok နှိပ်ပါ၊


D.N.A.S panel အကြောင်းတော့ သိပ်မပြောတော့ဘူးနော်၊ သူ့ ထဲမှာ လွှင့်နေတဲ့ DJ ရဲ့  IP Address,Listeners တွေရဲ့ 
IP Address တွေ ကြည့်လို့ ရမယ်။ Log ဖိုင်တွေကြည့်လို့ ရမယ်၊ Listener ကို Ban လို့ ရမယ် စသဖြင့်ပေါ့လေ၊

ကဲသီချင်းလွှင့်ပါမယ် ၊ ဒန်တန်တန်
mixx ကိုပြန်သွား သီချင်းဖွင့်လိုက်ပါ ၊ ပြီးရင် အပေါ်မှာ လုပ်ခဲ့တဲ့ url ကနေ သွားနားထောင်လို့ ရပြီနော် ၊]

မင်္ဂလာပါရှင် puupuu FM ကနေအသံလွှင့်နေပါတယ်ရှင့်
http://deblab.listen2myradio.com/


မြောက်ဒဂုံသား
Related Posts Plugin for WordPress, Blogger...
Featured Posts